နောက်ပိုင်း ကားဈေး ကမောက်ကမ ဖြစ်နိုင်တဲ့ လိုင်စင်သက်တမ်းတိုးပြသနာ
နောက်ပိုင်း ကားဈေး ကမောက်ကမ ဖြစ်နိုင်တဲ့ လိုင်စင်သက်တမ်းတိုးပြသနာ
Owner Book အမည်ပေါက်ထားသူက ကားရောင်းထားခဲ့ပြီး တခြားပြန်ဝယ်ထားတဲ့ အိမ်/ကားတေကို သူ့အမည်ပေါက်ပြန်လုပ်ချင်တဲ့အခါ ဝင်ငွေခွန် ထပ်မဆောင်ရဖို့. ရောင်းခဲ့တဲ့ နံမည်ပေါက်ကားတေကို အခွန်ရုံးမာ ငွေဖြူသွားပြန်ထုတ်ထားကြပါတယ်။ အဲ့ဒိလို တခြားသူနံမည်ပေါက်နဲ့ ကားကို ဝယ်ထားတဲ့သူဟာ.. ကိုယ့်လက်ထဲ လိုင်စင်သက်တမ်းတိုးရင်.. အခွန်ရုံးကနေ ကညနကို မူလပိုင်ရှင်က ငွေဖြူပြန်ထုတ်သွားကြောင်း မှတ်တမ်းပို့ထားတဲ့အတွက် မူလပိုင်ရှင်အမည်နဲ့ သက်တမ်းတိုးခွင့် မပေးတော့ပါဘူး။ ဒါ့ကြောင့် ကားလက်ဝယ်ရှိသူ(အမည်ပေါက် မဟုတ်သူ)က ကားတန်ဖိုးအတွက် ငွေဖြူရှိရင်ပြ၊ မရှိရင်တော့ ဝင်ငွေခွန် ၁၅% ဆောင်(သိန်း ၁၅၀ ဝန်းကျင်ကားတေဆို သိန်း ၂၀ လောက်ဆောင်ရ)ပြီး မိမိနံမည်ပေါက်ပြောင်းကိုပြောင်းရပါတော့မယ်။
အစိုးရရဲ့လုပ်ထုံးလုပ်နည်းက တကယ်တော့ လမ်းမှန်ပါပဲ၊ ကားဝယ်ရောင်းတေနဲ့ မလိုဘဲ ကားဝယ်ထားတဲ့သူတေ အပါအဝင် လိုလို့ဝယ်သုံးနေတဲ့ပြည်သူတေပါ ရိုက်ခတ်ပါတယ်(show room တေမပါ)။ ဒါပေမဲ့ အစိုးရဌာနတေ ရက်စက်နေတာက အရေးကြီးတဲ့ Notice/Notification တေကို အများပြည်သူတေကို ကြိုတင်မကြေညာတာပါပဲ... ဖြစ်လာနိုင်တဲ့ အစိုးရစီမံချက်တေကို ကိုယ့်ဘာသာစဉ်းစားပြီး လုပ်ကိုင်စားသောက်ကြဆိုတာရီးက ပါးနပ်တဲ့သူတေသာ အကွက်ရွှေ့တာလျင်မြန်သွားပြီး သာမာန်ပြည်သူတေက ခံနေရခြင်းပါပဲ။ ။
................................................................
မှတ်ချက်။ အမည်ပေါက်သူတေ ကားရောင်းထားပြီး ငွေဖြူပြန်ထုတ်မယ်ဆိုရင် အခွန်စိမ်းမူရင်း၊ Owner book/wheel tax Copy၊ ကားပတ်လည်ဓာတ်ပုံများ သိမ်းထားရပါမယ်။
နောက်ပြီး အစိုးရ/ပုဂ္ဂလိက လခစားဝန်ထမ်းများအနေနဲ့ ကားဝယ်လို့ အမည်ပေါက်လိုချင်တဲ့အခါ ဝင်ငွေခွန်မပေးရစေဖို့ လစဉ်ဆောင်နေတဲ့ အခွန်မှတ်တမ်းမှတ်ရာတေကို သိမ်းထားရပါမယ်။
ဝင်ငွေခွန် ကင်းလွတ်ခွင့်ရထားတဲ့ နိုင်ငံခြားမာ အလုပ်လုပ်တဲ့သူတေကလဲ သက်ဆိုင်ရာမြို့နယ်အခွန်ရုံးလိုအပ်ချက်တေကြိုတင်မေးထားပြီး Remittance & Declare တေကို ဘောင်ဝင်အောင်လုပ်ထားကာ ငွေဖြူထုတ်ထားရပါမယ်။
အဲ့ဒိအထောက်အထားတေမရှိရင် အစိုးရဘတ်ဂျတ်မှ ဒိုင်စားသွားပါလိမ့်မယ်ခမျာ....
credit : မူရင်းရေးသားသူ