မိမိအားသာချက်ရှိတဲ့ အလုပ်တွေကို တစ်လှည့်စီလုပ်ပါ
ခင်ဗျာအနေနဲ့ ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်ရှိတဲ့ အလုပ် ၃-၄မျိုးလောက်ကိုအရင်လုပ်ပါ။အဲဒီအလုပ်တွေကိုလုပ်တဲ့အခါ ခင်ဗျာရဲ့အချိန်ကို ရာခိုင်နှုန်း ဘယ်လောက်စီ ခွဲဝေ လုပ်ကိုင်နိုင်သလဲ။အဲဒီအလုပ်တွေကို လုပ်ရာမှာ အားလုံး တစ်ပြေးညီမဖြစ်နိုင်ပါဘူး။ဒါကြောင့် အဲဒီအလုပ်တွေကို ပုံမှန်တစ်သမတ်တည်းမလုပ်ဘဲ တစ်လှည့်စီပြောင်းလွှဲလုပ်ကိုင်ကြည့်ရပါမယ်။အဲဒီအလုပ်တွေအတွက်ခင်ဗျာရဲ့အချိန်ကို 70 ရာခိုင်နှုန်း အသုံးပြုပြီ တစ်လှည့်စီစလုပ်သွားဖို့ အစီအစဉ်တစ်ခုရေးဆွဲပါ။အဲဒီလိုလုပ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် ခင်ဗျာရဲ့အလုပ်တွေကိုပြန်လည်သုံးသပ်ပြီး အခြေအနေတွေကို ဆန်းစစ်ကြည့်ဖို့လိုနေပြီ လို့ပြောလိုရပါတယ်။