အလုပ်မရသေးတဲ့အချိန် ဘာတွေပြင်ဆင်ထားသင့်သလဲ...

in #busy6 years ago

ပထဝီနဲ့ပဲ ဘွဲ့ရရ၊ ကွန်ပျူတာနဲ့ပဲ ဘွဲ့ရရ၊ Law နဲ့ပဲ ဘွဲ့ရရ
ထိုဘွဲ့ရ လူငယ်လေးတွေ သူတို့ရထားတဲ့ဘွဲ့နဲ့မသက်ဆိုင်
တဲ့ အလုပ်တွေပဲ လျှောက်ကြရတာများပါတယ်။ သူတို့
ယူခဲ့တဲ့ဘွဲ့တွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အလုပ်ကလည်း
မရှိသလောက် ရှားပါးလာပါတယ်။ တစ်ခါတစ်လေ ကိုယ်
ယူခဲ့တဲ့ဘွဲ့နဲ့ ကိုယ်လုပ်နေတဲ့ အလုပ် ဘာမှကို မပတ်သက်
ပဲဖြစ်နေတတ်ပါတယ်။ အသက်မွေးဝမ်းကြောင်းတွေကို
သေချာ သင်ပေးမယ့် တက္ကသိုလ်တွေ မရှိခြင်းရဲ့ ဘေးထွက်
ဆိုးကျိုးပါ။ ထားပါတော့ ဒါက ကိုယ်ပြင်လို့လည်းရတဲ့အရာ
မဟုတ်ဘူး။ ဒီတော့ ကိုယ်ဘာတွေ ပြင်လို့ရမလဲ စဉ်းစား
ရတော့မယ်။ မိမိက ဘဝမှာသူများတွေထက်ပိုအောင်မြင်
ချင်ပြီး ရည်မှန်းချက်ကြီးမားသူဆိုရင်တော့ အခုထဲက Plan
ချပြီး ကြိုးစားရမှာဖြစ်ပါတယ်။

၁) အခြား ဘာသာစကားတစ်ခုခုကို ဘွဲ့မရခင် ကျွမ်းကျင်
နေအောင် လေ့လာထားပါ။

အရမ်းလောဘမကြီးလွန်းဘူးလား.. ကိုငြိမ်းမောင်ရယ်...
လို့တော့ မမေးပါနဲ့နော်။ အဲ့ဒီနေရာမှာ လောဘကြီးစေချင်
ပါတယ်။ တက္ကသိုလ်တက်နေရတဲ့ အချိန် ၄နှစ်ပဲ ထားပါ
တော့။ အဲ့ဒီ ၄နှစ်မှာ ဘာတွေ ပြန်ရနေလဲ ကိုယ့်ကိုယ်ကို
တစ်ချက်ပြန်မေးကြည့်ပါ။ အဲ့ဒီ ၄နှစ်မှာ သင်ရတာတွေက
တကယ့် လုပ်ငန်းခွင်ထဲမှာ ပြန်အသုံးဝင်နိုင်မလား မိမိ
ကိုယ်ကို ပြန်မေးကြည့်ပါ။ အချို့လူတွေရဲ့ အဖြေက No
လို့ ထွက်လာနိုင်ပြီး အချို့လူတွေရဲ့ အဖြေက Yes လို့
ထွက်လာနိုင်ပါတယ်။ ကိုယ်တက်နေတဲ့ တက္ကသိုလ်ပေါ်
လည်း မူတည်သေးတာကိုး..။ အကယ်၍ ကိုယ်တက်နေ
တဲ့ တက္ကသိုလ်ကနေ တကယ်အသုံးဝင်တာတွေ မရဘူး
ဆိုရင် ကိုယ့်ဘာသာ ကိုယ်ရှာဖို့လိုလာပြီ။ သူလည်း ဘာမှ
မပေးဘူး။ ငါလည်း ဘာမှ မယူဘူးဆိုရင်တော့ တက္ကသိုလ်
ပြီးလို့ အလုပ်စရှာတဲ့ အချိန်မှာ စခက်ပါပြီ။

ဘာသာစကား လေ့လာတဲ့နေရာမှာ အချို့က တကယ်လို
အပ်တာ မဟုတ်ပဲ အပျော်လေ့လာတာမျိုးတွေရှိတတ်
ပါတယ်။ ကိုရီးကားတွေ ခေတ်စားရင် ကိုရီးယားစကား
သင်တန်းမျိုးပေါ့။ ကိုယ့်အတွက် အသုံးဝင်မဝင် စဉ်းစားပြီး
မှ ဘာသာစကားကို ရွေးချယ်သင့်ပါတယ်။ အချို့က ရုရှ
ဘာသာစကား သင်ယူတဲ့သူလည်း ရှိပါသေးတယ်။ တကယ်
မိမိရည်မှန်းချက်မှာ အသုံးဝင်မယ် သေချာရင်တော့ လေ့လာ
ပါ။ ကိုရီးယားပဲ ဖြစ်ဖြစ် ၊ ဂျပန်ပဲ ဖြစ်ဖြစ်၊ ဂျာမန်ပဲ ဖြစ်ဖြစ်
လေ့လာပါ။ ဒါပေမယ့် ပေါ့ပင် ပုံစံမျိုးတော့ မလုပ်မိပါစေနဲ့။
အချိန်တွေ အလဟသ ဆုံးရှုံးသွားပါလိမ့်မယ်။ ဘယ်မှာပဲ
ဖြစ်ဖြစ် အသုံးဝင်တာ အင်္ဂလိပ်စကားပါ။ နေရာတော်တော်
များများ မှာ အသုံးဝင်ပါတယ်။ (အသုံးမဝင်တဲ့ နေရာ
နည်းနည်းတော့ ရှိရင် ရှိနိုင်ပါမယ်။) အင်္ဂလိပ်ဘာသာ
စကားကတကယ့်ကို အခြေခံအကျဆုံး လိုအပ်ချက်တစ်ခု
ပါ။ အင်္ဂလိပ်ဘာသာ စကားတတ်ရင် နိုင်ငံခြားသားနဲ့
ဆက်ဆံပြောဆိုတတ်ရုံဆိုတဲ့ အချက်တစ်ခုတည်းမဟုတ်
ပါဘူး။ အင်တာနက်မှာ ဖတ်လိုတဲ့စာ ရှာဖတ်နို်င်ပါတယ်။
ဗဟုသုတတွေ အရမ်းတိုးပါတယ်။ ဗဟုသုတတိုးတဲ့
အတွက် သင့်ရဲ့ စဉ်းစားနိုင်စွမ်းတိုးတက်တတ်လာပါတယ်။
စဉ်းစားနိုင်စွမ်း တိုးတက်လာတဲ့အတွက် သင့်ရဲ့ဘဝပါ
တိုးတက်လာပါလိမ့်မယ်။

၂) လူတွေနဲ့ ဆက်ဆံတတ်အောင် လေ့ကျင့်ထားပါ။

အချို့က မွေးရာပါ ပေါင်းသင်းဆက်ဆံရေး ကောင်းကျတယ်။
အချို့ကတော့ ပေါင်းသင်းဆက်ဆံရေး မကောင်းကြပါဘူး။
ကျွန်တော် အပါအဝင်ပေါ့။ ပေါင်းသင်းဆက်ဆံရေး မကောင်း
တာဟာ အလုပ်ခွင်မှာ မကောင်းပါဘူး။ လူတိုင်းကို သွားဖြီးပြီး
လျှောက်ရယ်ပြဖို့ ပြောနေတာမဟုတ်ပါ။ လူတွေနဲ့ စကားပြော
တဲ့အခါ သူများနားထဲကန့်လန့် ပြောတတ်ခြင်းကို ဆိုလိုတာ
ပါ။ အဲ့ဒီလို လူမျိုးတွေ တွေ့ဖူးလို့ပါ။ အလုပ်လေးတော့ လုပ်တတ်
ပါရဲ့ ပေါင်းသင်းဆက်ဆံရေးက Zero ဆိုရင် အလုပ်မှာ အဆင်
ပြေဖို့မလွယ်ပါဘူး။ အချို့ကပြောတယ်... အဲ့ဒါမွေးရာပါ စတိုင်
လေ..မပြောင်းချင်ဘူးတဲ့။ ကျွန်တော်ကတော့ လူမှုဆက်ဆံရေး
အခြေခံကျင့်ဝတ်တောင် လိုက်နာဖို့ ပျင်းရိတဲ့သူလို့ မြင်ပါတယ်။
မိမိအကျင့်ဟာ လမ်းလျှောက်ရင်း ဝါးလုံးရမ်းတတ်တဲ့ အကျင့်ဆို
သူများ ခေါင်းမထိသရွေ့ ရမ်းလို့ရပါတယ်။ သူများခေါင်းထိနေပြီ
ဆိုရင်တော့ ကိုယ့်အကျင့် ကိုယ်ပြင်ဖို့လိုလာပါပြီ။ ပြောလိုက်
တိုင်း ဘုနဲ့ဘောက်၊ ဆက်သွယ်ပြောဆိုနေရသူတွေအားလုံးကို
စိတ်မချမ်းသာစေတယ်ဆိုတည်းက သူများခေါင်းကို ထိနေပါပြီ။
ကိုယ့်အတွက်လည်း တက်လမ်းပိတ်စေပါတယ်။ ပေါင်းသင်း
ဆက်ဆံရေးကောင်းအောင် လေ့ကျင့်ထားသင့်ပါတယ်။
မိတ္တဗလဋီကာ စာအုပ်ဟာ ပေါင်းသင်းဆက်ဆံရေးအတွက်
အကောင်းဆုံး စာအုပ်တွေထဲက တစ်အုပ်ပါ။ ပေါင်းသင်း
ဆက်ဆံရေး ကောင်းတယ်ဆိုတာ ဟန်ဆောင်တတ်သွား
တာကို ဆိုလိုတာ မဟုတ်ပါဘူး။ ရင်ထဲက အနှစ်ပါပါ ပြုံးတတ်
သွားတာကို ဆိုလိုတာပါ။ မိမိစိတ်ကို အရင်ကောင်းအောင်
ပြောင်းမှ ပေါင်းသင်းဆက်ဆံရေး တကယ်ကောင်းလာမှ
ဖြစ်ပါတယ်။ ဟန်ဆောင်ဖို့အကြံပေးနေခြင်း မဟုတ်ပါဘူး။
တကယ်စိတ်ကို ပြောင်းဖို့သာ အကြံပေးနေခြင်း ဖြစ်ပါတယ်။

၃) IT နည်းပညာလေးလည်း နည်းနည်း သိစေချင်သည်။

မိမိအလုပ်ပေါ်တော့ မူတည်တာပေါ့နော်...(ဒီအချက်က
အလုပ်တိုင်းတော့ မလိုလောက်ဘူးပေါ့။)ဒါပေမယ့် ဒီခေတ်
လူငယ်အချို့က ဖုန်းနဲ့ပဲ ကြီးပြင်းလာတာများတော့ ကွန်ပျူတာ
လက်ပ်တော့ မသုံးတတ်ကြတော့ဘူး။ စာရေးဖို့အလုပ်လာ
လျှောက်တယ်တဲ့။ မြန်မာစာ လက်ကွက်ရိုက်တတ်လား
မေးတော့ ဖုန်းနဲ့ရိုက်တတ်တယ်တဲ့။ နောက်၁၀နှစ်လောက်
မှာတော့ ဖုန်းတွေနဲ့ အလုပ်လုပ်ခွင့်ပေးရင် ပေးလောက်မှာ
ပါ။ လတ်တလောတော့ လပ်တော့တွေ၊ ကွန်ပျူတာတွေရဲ့
အခန်းကဏ္ဍ မမှေးမှိန်သေးပါဘူး။ အနည်းဆုံး Microsoft
Office လောက်တော့ သိအောင် လုပ်ထားပါတယ်။ မြန်မာ
စာလက်ကွက်၊ အင်္ဂလိပ်စာ လက်ကွက်လေးလည်း ဖြစ်နိုင်
ရင် သင်ယူထားပါ။

Facebook လောက်လေးပဲ အသုံးပြုတတ်တာမျိုး မဖြစ်ပါ
စေနဲ့။ ကိုယ်မသိတဲ့အရာတွေကို Google မှာ ရှာဖွေတတ်
အောင် လေ့ကျင့်ထားပါ။ အင်တာနက်ပေါ်က ဝက်ဘ်ဆိုဒ်
ကောင်းကောင်းတွေကိုမှတ်သားထားပြီး ဝင်ရောက်လေ့
လာပါ။

အခြား ကြိုတင်လေ့လာထားသင့်တဲ့ အချက်တွေလည်း
ရှိချင်ရှိအုံးမှာပါ။ နောက်ခေါင်းထဲပေါ်လာတဲ့အခါ အကြံပေး
သွားပါအုံးမယ်။ အခုတော့ စာလည်းရှည်နေပြီမို့ဒီနားမှာပဲ
ရပ်လိုက်ပါအုံးမယ်။

#မိုးရှင်း
FB_IMG_1528502959448.jpg

Sort:  

Source
Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.

Spam is discouraged by the community, and may result in action from the cheetah bot.

More information and tips on sharing content.

If you believe this comment is in error, please contact us in #disputes on Discord

Congratulations! This post has been upvoted from the communal account, @minnowsupport, by mooen from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.