အာစင်ဝင်းဂါးနဲ့ ဖာဂူဆန်ဆီကရခဲ့တဲ့ သင်ခန်းစာလေး(၂)ခု

in #busy6 years ago

အာဆင်နယ်နည်းပြကြီး အာစင်ဝင်းဂါး အနားယူတော့မယ်
ဆိုတော့ မန်ယူနည်းပြဟောင်းကြီး ဖာဂူဆန်က အိုးလ်ထရက်ဖို့ဒ်
ကွင်းကြီးထဲမှာ လက်ဆောင်ပေးပြီး အာစင်ဝင်းဂါးကို နှုတ်ဆက်
တယ်။ တကယ်တော့ အာစင်ဝင်းဂါးနဲ့ ဖာဂူဆန်ဆိုတာ တစ်ချိန်
က မဟာပြိုင်ဘက်တွေ။ ဒါပေမယ့် သူတို့၂ယောက် တစ်ဦးနဲ့
တစ်ဦး လေးစားမှုရှိကြတယ်။ ဘယ်လောက်ပဲ ပြိုင်ဆန်မှု
ပြင်းထန်ခဲ့ပြင်းထန်ခဲ့ လေးစားမှု ထားကြတယ်။ ဖာဂူဆန်
အနားယူပြီးနောက်ပိုင်း သူတို့၂ယောက်က မိတ်ဆွေတွေ
တောင် ဖြစ်သွားခဲ့တယ်။ ဒါက သင်ခန်းစာ (၁) ပါ။ တစ်ဦး
နဲ့တစ်ဦး လေးစားမှုရှိတာကို သဘောကျမိပါတယ်။

နောက်တစ်ချက်က ဖာဂူဆန် ပြောတဲ့စကားပါ။ အာစင်ဝင်းဂါး
အာဆင်နယ်ကို ရောက်လာချိန်မှာ အချို့အရာတွေ အာစင်ဝင်းဂါး
ဆီကနေ အတုယူခဲ့ရတယ်လို့ ဖာဂူဆန်က ဝန်ခံခဲ့တယ်။
အာစင်ဝင်းဂါးက အာဆင်နယ်ကိုရောက်လာတော့ အာဆင်နယ်
အသင်းကို အစားအစာကျွေးတဲ့ အလေ့အကျင့်တွေ ပြောင်းလိုက်
တယ်။ အသင်းရဲ့ ကြံ့ခိုင်မှုကို တိုးတက်အောင် လုပ်တဲ့နည်းလမ်း
တွေကို စနစ်ကျအောင် ပြောင်းလိုက်တယ်။ အဲ့ဒီနောက်ပိုင်း
အာဆင်နယ်က မန်ယူကို တစ်ပန်းသာလာတယ်။ ဒါကို ဖာဂူဆန်
က ရိပ်မိတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဖာဂူဆန်က ဒီလိုပြော
တယ်။ “ကျွန်တော်တို့က တိုးတက်နေတဲ့ ဘယ်သူ့ဆီက မဆို
အတုယူသင့်တာကို အတုယူဖို့ အမြဲကြိုးစားခဲ့ပါတယ်။ အဲ့ဒါက
ကားလမ်းပေါ်မှာ ကားမောင်းနေတာနဲ့ အလားသဏ္ဍန်တူပါတယ်။
ကိုယ့်ကို ကျော်တက်မယ့် ကားကို ကိုယ့်ရဲ့ Backမှန်က တစ်ဆင့်
သတိထားမိဖို့လိုတယ်။ အာဆင်နယ်ကိုလည်း အဲ့ဒီလို နှစ်ပေါင်း
များစွာ ကျွန်တော်တို့ သတိထားခဲ့ရတယ်။”

ဒီစကားကြားပြီး ဖာဂူဆန်ကို ပိုလေးစားမိသွားတယ်။ သူဟာ
ပြိုင်ပွဲတစ်ခုမှာ ရှေ့ဆုံးက ဦးဆောင်ပြေးနေသူဖြစ်ခဲ့ရုံတင်မကပဲ
နောက်က အခြေအနေကိုလည်း အမြဲကြည့်တတ်သူဖြစ်
တယ်။ ပြိုင်ဘက် ဘာတွေလုပ်နေလဲ...ဘယ်လိုအရာတွေကို
သူ အတုယူသင့်လဲ အမြဲစဉ်းစားတယ်။ တကယ်တမ်း ပြင်ပ
လောကရဲ့ စီးပွားရေးနယ်ပယ်မှာလည်း ဒါက အရမ်းအရေးကြီး
တယ်။ ငါက ဆရာပဲကွ ဆိုပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ရင်၊
ဘေးပတ်ဝန်းကျင် အခြေအနေကို မကြည့်ရင် ကျရှုံးတတ်
တာများတယ်။ အရမ်းကြီး အောင်မြင်ပြီးမှ ကျရှုံးသွားတဲ့
ကမ္ဘာကျော် Brand တွေ အများကြီးပဲ။ သင်ခန်းစာ(၂)က
တော့ မိမိဘယ်လောက်ပဲ အောင်မြင်အောင်မြင် မျက်လုံးဖွင့်
နားစွင့်ပြီး မိမိသင်ယူလို့ရမယ့် အရာအားလုံးကို အမြဲသင်ယူ
နေဖို့လိုတယ် ဆိုတဲ့အချက်ပါပဲ။

(I.M.T)FB_IMG_1528764728911.jpg

Sort:  

Source
Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.

Spam is discouraged by the community, and may result in action from the cheetah bot.

More information and tips on sharing content.

If you believe this comment is in error, please contact us in #disputes on Discord