လုပ်စားကြမလား Food Recipe
ကြက်ဥနို့ပေါင်း လုပ်စားကြမလား
ဒီတစ်ပတ်ရဲ့ Food Recipe ကဏ္ဍမှာတော့ လွယ်လွယ်ကူကူလုပ်စားလို့ရတဲ့ ကြက်ဥနို့ပေါင်းလုပ်နည်းလေးကိုတင်ပြပေးပါမယ်။
နံနက်ခင်းစာ၊ အဆာပြေအနေနဲ့ စားသောက်နိုင်တဲ့ မုန့်ဖြစ်တဲ့အတွက်လည်းတော်တော်များများကြိုက်နှစ်သက်ကြမှာပါ။
ကြက်ဥနို့ပေါင်းပြုလုပ်ပုံလိုအပ်တဲ့ပစ္စည်းတွေကတော့ - နို့၊ ဗီနီလာချောင်း၊ ကြက်ဥအနှစ်၊ သကြားတို့ဖြစ်ပါတယ်။
ပြုလုပ်ပုံကတော့ - အိုးကြီးတစ်အိုးထဲကို နို့တွေကိုထည့်ပါ။ ပြီးရင်တော့ ဗီနီလာချောင်းထဲကအမည်းရောင်အစေ့လေးတွေကို ခြစ်ပြီးအိုးထဲကိုရောက်အောင်ထည့်ပါ။ ပြီးရင်တော့ ဗီနီလာချောင်းကိုအိုးထဲကိုထည့်လိုက်ပါ။ အဲဒီနောက် နွားနို့ပူလာအောင် အပူပေးပါ။ အမြှုပ်ကလေးတွေပေါ်လာရင် မီးဖိုမှ ချပါ။ ပြီးရင် အဖုံးဖုံးထားပြီးမိနစ်အနည်းငယ်ထားပါ။ နောက်မှာတော့ ဗီနီလာချောင်းကိုပြန်ဆယ်လိုက်ပါ။ ပြီးရင်တော့ ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥအနှစ်တွေထည့်ပြီးခေါက်မွှေပေးပါ။ သကြားထည့်ပါ။ သကြားတွေ ပျော်ဝင်လာတဲ့အခါ နို့အပူလေးကိုထည့်ပြီးမွှေပေးပါ။ အဲဒီနောက်မှာတော့ ပန်းကန်တစ်ပန်းကန်ထဲထည့်ပြီးပေါင်းပါ။ ပေါင်းအိုးထဲထည့်ပြီးပေါင်းတာဖြစ်ဖြစ်၊ ဒယ်အိုးထဲရေထည့်ပြီရေပေါ်တင်ပြီးပေါင်းတာဖြစ်ဖြစ်ပြုလုပ်ပါ။ အရည်ပျစ်ပျစ်ခဲခဲဖြစ်လာတဲ့အထိဆက်တိုက်မွှေပေးပါ။ ပြီးရင်တော့ ပေါင်းတာကိုရပ်လိုက်ပါ။ အဲဒီနောက်မှာတော့ ခဏတာအအေးခံပြီးအရသာရှိတဲ့ ကြက်ဥနို့ပေါင်းကိုရရှိနိုင်ပြီပေါ့။
Amazing post! I love it. Hey UPVOTE my post: https://steemit.com/life/@cryptopaparazzi/chapter-one-let-there-be-the-man-and-there-was-a-man-let-there-be-a-woman-and-there-was-sex and FOLLOW ME and I ll do the same :)