မြတ်စွာဘုရား သားရာဟုလာကိုဆုံးမတဲ့ ဆုံးမချက်များ
ရှင်ရာဟုလာက သရက်ပင်ရင်းမှာ ဆောက်ထားတဲ့ သင်္ခမ်းကျောင်းလေးမှာ သီတင်းသုံးတာ၊ မြတ်စွာဘုရား ကြွလာလို့ရှိရင် ခြေထောက်တော်ကို ရေဆေးရအောင်ဆိုပြီးတော့ ခြေဆေးအင်ပျဉ်လေး၊ ခွက်လေကလေးနဲ့ ထားတာရှိတယ်၊။
မြတ်စွာဘုရားက သူ့ရဲ့ရှေ့မှာ ထိုင်နေတဲ့ ရှင်ရာဟုလာကို အဲ့ဒီရေခွက်ကလေးကို ပြပြီးတော့ တရားဟောတာ။ ရေခွက်ထဲမှာ ရေရှိတယ်၊ အဲ့ဒီရေကို နည်းနည်းပဲ ချန်ပြီးတော့ သွန်လိုက်တယ်၊ နည်းနည်းလေးပဲကျန်တယ်၊ အဲဒါကို ပြပြီးတော့ ရာဟုလာ ဒီရေခွက်ထဲမှာ ရေလေးနည်းနည်းလေး ကျန်တာကို မင်းမြင်လားလို့ မေးတယ်၊ မြင်ပါတယ်ဘုရားဆိုတော့ လောကကြီးမှာ လိမ်ညာဖို့ မကြောက်တဲ့ ပုဂ္ဂိုလ်တွေမုသားပြောဖို့ မကြောက်တဲ့ ပုဂ္ဂိုလ်တွေအတွက်သူတော်ကောင်းတရားဆိုတာ ဒီခွက်ထဲက ရေလိုပဲ နည်းနည်းလေးပဲ ရှိတယ်လို့ပြောတယ်၊ ခွက်ထဲက ရေနည်းနည်းလေးကိုပဲ မြတ်စွာဘုရားက သွန်ပစ်လိုက်တယ်။ သွန်ပစ်ပြီးတော့…ရာဟုလာ မုသားပြောဖို့ မကြောက်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဒီရေကို သွန်ပစ်လိုက်သလို သူတော်ကောင်းတရားတွေ အကုန်လုံးသွန်ပစ်လိုက်ပြီတဲ့။ ဘာမှ မရှိတော့ဘူးတဲ့။ ဒါက နောက်ထပ် ဥပမာတစ်ခုနော်..နောက်ထပ် အဲဒီခွက်ကလေးကို မှောက်လိုက်တယ်။ ဘာမှ ရေမရှိတော့တဲ့ ခွက်ကလေးကို မှောက်ထားတယ်။ မှောက်ပြီးတော့ ခွက်ကလေးကို မြင်လား။ မြင်ပါတယ်ဘုရားဆိုတော့ ရာဟုလာ..ဟောဒီလောကမှာမုသားပြောဖို့ မကြောက်တဲ့ပုဂ္ဂိုလ်၊ မုသားပြောတဲ့အလေ့ရှိတဲ့ ပုဂ္ဂိုလ်အတွက် သူတော်ကောင်းတရားတွေက မှောက်ထားလိုက်ပြီတဲ့။ ရေခွက်တစ်ခွက်တည်းနှင့် ဥပမာသုံးချက်ရှိသွားပြီးနော် မှောက်ထားတဲ့ရေခွက်ကို ပြန်လှန်ပြီးတော့ ပြတယ်။ မှောက်ထားလိုက်တာဆိုတော့ ရေက အတ်အသတ်လေးကအစ စစ်ပြီးတော့ ကျသွားပြီ။ ပြောင်သလင်းခါသွားပြီ။ ဘာမှ မရှိတော့ဘူး။
မုသားပြောသူ၏ပါးစပ် ပုတ်နံ့ထွက်
Right bro!
မုသားဆိုလျှင် ဟာသပင် မဆိုရတဲ့