Asus ZenBook UX 430UN

in #asus7 years ago

“Asus ZenBook UX 430UN”

Price : USD 1,299

Asus ZenBook UX430UN ရဲ့ ထူးခြားကောင်းမွန်သော အချက်များကတော့ ပါးလွှာပြီး Premium ဖြစ်သော ဒီဇိုင်းနှင့် ပေါ့ပါးသောကိုယ်ထည်ပဲဖြစ်ပါတယ်။ Security ပိုင်းမှာဆိုရင်လည်း ရှုပ်ထွေးလှတဲ့ Password တွေ ကြား ခေါင်းရှုပ်စရာမလိုဘဲ Finger Print System နဲ့ အရေးကြီးတဲ့ Data တွေကို လုံခြုံစိတ်ချစွာ သိမ်းဆည်း ပေးထားမှာပဲဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ရန် Intel ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Core i7 Processor 8th Generation နှင့်အတူ လိုက်ဖက်ညီတဲ့ NVIDA ရဲ့ MX 120 Graphic 2GB ကို အသုံးပြုပေးထားပြီး LPDDR3 Memory 16GB လည်းပါဝင်တဲ့အတွက် Software အမြင့်များကို အသုံးပြုနေသူများအတွက် အဆင်ပြေစေပြီး Gamer တွေအတွက်လည်း Game ကောင်းကောင်း ဆော့လို့ရစေမယ့် Laptop လေးတစ်လုံးပဲဖြစ်ပါတယ်။ Color တွေအနေနဲ့ကလည်း Royal Blue, Rose Gold, Quartz Gray and Shimmer Gold တို့ကို စုံလင်စွာရရှိနိုင်မှာဖြစ်ပြီး Royal Blue နှင့် Quartz Gray အရောင် နှစ်မျိုးတွင် Fingerprint Sensor ပါဝင်ပြီး Rose Gold နှင့် Shimmer Gold အရောင်နှစ်မျိုးတွင် Fingerprint Sensor ပါဝင်ခြင်း မရှိပါဘူး။ Genuine Licensed Windows 10 ပါဝင်တဲ့အတွက်ကြောင့် Microsoft မှ ထပ်မံ ပေးအပ်မယ့်လုံခြုံရေးဆိုင်ရာ update များကို ရယူသုံးစွဲနိုင်မှာဖြစ်ပါတယ်။ 2 Years Global Warranty ကြောင့် မြန်မာနိုင်ငံတွင်ဝယ်ယူထားသော်လည်း ပြည်ပနိုင်ငံပေါင်း 58 နိုင်ငံမှာရှိတဲ့ Asus Authorized Service Center များတွင် ၀န်ဆောင်မှုများ ရယူနိုင်မှာပါ။